NLD အစိုးရလက်ထက် အုပ်ချုပ်ရေး ၂ ရပ်ဖြစ်နေဟု လူ့ဘောင်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိ================NLD အစိုးရလက်ထက်တွင် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင

  • 6 years ago
NLD အစိုးရလက်ထက် အုပ်ချုပ်ရေး ၂ ရပ်ဖြစ်နေဟု လူ့ဘောင်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိ
================
NLD အစိုးရလက်ထက်တွင် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မျှော်မှန်းထား သလောက် ဖြစ်မလာသည့်အပြင် အခြေခံဥပဒေအရ လက်ရှိအစိုးရတွင် အုပ်ချုပ်ရေး ၂ ရပ် ပုံသဏ္ဍန်ကဲ့သို့ ဖြစ်နေသည်ဟု လူ့ဘောင်သစ်ပါတီ၏ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် အောက်တိုဘာ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လူ့ဘောင်သစ် ပါတီ ထူထောင်ခြင်းနှစ် ၃၀ ပြည့်အခမ်းအနားတွင် ထိုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး-စိုးသူအောင်
တည်းဖြတ်-ဒေါင်းလူ

သတင်းအပြည့်အစုံ-

Recommended