Skip to playerSkip to main content
  • 8 years ago
သီချင်းတွေ ဆိုနေပါသေးတယ်ဆိုတဲ့ ဆိုတေး

သြဂုတ် - ၂၃၊၂၀၁၈

ဂီတလောကထဲက အနည်းငယ်ပျောက်နေတဲ့ တေးသံရှင်ဆိုတေးက ဂီတလောကကနေ အနားယူနေတာမဟုတ်ဘူးလို့ ပရိသတ်ကိုဖွင့်ဟလာပါတယ်။

ဆိုတေး သီချင်းတွေဆိုနေသေးသလို ပရိသတ်နဲ့အနည်းငယ်အဆက်အသွယ်ပြတ်နေတဲ့အတွက် ပရိသတ်ကြီးက သတိရနေသေးတာကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

ကိုယ်ပိုင်သံစဉ်သီချင်းတွေပဲ ပါဝင်ဦးမယ့် သူ့ရဲ့တတိယမြောက်အခွေကို ဆိုတေးက ပြင်ဆင်နေပြီး ပရိသတ်ရင်ထဲရောက်စေမယ့် အချစ်သီချင်းတွေပါဝင်ဦးမယ်လို့လည်း ဆိုတေးကပြောပါတယ်။

တတိယအခွေအတွက် သီချင်းအားလုံးနီးပါးရေးပြီးသွားပြီး Audio CD အရင်ပေးနိုင်ဖို့ စတင်ပြင်ဆင်နေပြီလို့ ဆိုတေးကပြောပါတယ်။

တေးသံရှင် ဆိုတေးဟာ “မီးအိမ်ရှင်” တေးသီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပြီး “မီးအိမ်ရှင်”၊ “မင်္ဂလာပါ” တစ်ကိုယ်တော်အခွေနှစ်ခွေ ထွက်ရှိထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

😹
Fun
Comments

Recommended