Skip to playerSkip to main content
  • 7 years ago
အမေရိကန်ပြည်ထောင်မှာ နိုင်ဝင်ဘာလ သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပဖို့ တလတောင်မလိုတော့တဲ့အချိန်မှာပဲ အမေရိကန်ဗဟိုတရားရုံးချုပ်တရားသူကြီးအဖြစ် တရားသူကြီး Brett Kavanaugh ကို ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကြားက အတည်ပြုလိုက်တာကြောင့် Republican ပါတီရော Democratic ပါတီ ဘက်ကရော တက်ကြွလှုပ်ရှားမှုတွေ ပေါ်လာပါတယ်။ Mr. Kavanaugh ကို ဒီနေရာ ခန့်အပ်နိုင်ဖို့ လုပ်ခဲ့ရတာတွေက သူတို့ကို ပိုအားကောင်းစေတယ်လို့ Republican တွေက ပြောပြီး ဒီမိုကရက်တွေကတော့ ဒီကိစ္စကြောင့် သူတို့ဆီက အမျိုးသမီး မဲဆန္ဒရှင်တွေ ပေါ်ထွက်လာတယ်လို့ ဆိုပါတယ်။ VOA သတင်းထောက် Jim Malone ဝါရှင်တန်မြို့တော်က သတင်းပေးပို့တာကို မအေးသန္တာကျော် ဆက်ပြောပြပေးပါရှင်။

Category

😹
Fun
Comments

Recommended