မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာနားမှာ မြင့်ကုမ္ပဏီက ဆောက်လုပ်နေတဲ့ တန် ၅၀၀ ကျ အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းပေးဖို့ ဒေသခံရွာသားတွေက ကန့်ကွက်ဆန္ဒ

  • 6 years ago
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာနားမှာ မြင့်ကုမ္ပဏီက ဆောက်လုပ်နေတဲ့ တန် ၅၀၀ ကျ အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းပေးဖို့ ဒေသခံရွာသားတွေက ကန့်ကွက်ဆန္ဒပြနေပါတယ်။ ဒီလိုဆန္ဒပြတဲ့သူတွေနဲ့ ကျေးလက်လမ်းကို ချဲ့ရာမှာ လမ်းနယ်ဖယ်မပေးသူတွေကို ဖမ်းဆီး၊ တရားစွဲဆိုတာတွေရှိနေပါတယ်။ ဒီနေ့လည်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ ရဲအင်အား ၂၀၀ ကျော်က ကန့်ကွက်ဆန္ဒပြသူတွေကို ဖမ်းဖို့ကြိုးစားပေမယ့် ဖမ်းဆီးခံရမယ့်သူတွေကို ဒေသခံတွေက ဝိုင်းဝန်းကာကွယ်ပေးတဲ့အတွက် ဒီနေ့ မဖမ်းဆီးနိုင်ခဲ့ပါဘူး။
#ဘိလပ်မြေစက်ရုံ #ပုသိမ်ကြီး #ဘီဘီစီမြန်မာပိုင်း