Skip to playerSkip to main content
  • 7 years ago
ကန့်သတ်မှုတွေကြားက ကရင့်အာဇာနည်နေ့ ဆူးလေမှာပြုလုပ်
***************
ကန့်သတ်မှုတွေရှိနေတဲ့ကြားကနေ ကရင့် အာဇာနည်နေ့ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ သြဂုတ်လ ၁၂ ရက်နေ့က နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ ကျင်းပဖို့အတွက် အစိုးရဆီက ခွင့်ပြုချက်မရခဲ့ပေမယ့် ငြိမ်းစုစီဥပဒေအတိုင်း ခွင့်ပြုချက်တောင်းပြီး ပြုလုပ်ခဲ့တာပါ။ ဒီအခမ်းအနားကို ကမာရွတ်မြို့နယ် နဲ့ ဒဂုံအရှေ့ပိုင်းတို့မှာ ကျင်းပဖို့ စီစဉ်ထားသော်လည်း အစိုးရဘက်မှ တားမြစ်ခဲ့တာကြောင့် ရန်ကုန်မြို့လယ်က မဟာဗန္ဓုလ ပန်းခြံမှာ စုဝေးစီတန်း လှည့်လည်ခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် - ဇေယျာမော်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended