
  • 6 years ago

ဇူလိုင် - ၁၉ ၊၂၀၁၈


ဗိုလ်ချုပ်ပြတိုက်ထဲမှာ ဗိုလ်ချုပ် စီးခဲ့တဲ့ ကား ၊ ဗိုလ်ချုပ်ရဲ့လက်ရေးမူတွေ၊ အသုံးအဆောင်ပရိဘောဂပစ္စည်းတွေ၊ ဗိုလ်ချုပ်ရဲ့ပုံတူပန်းချီတွေ ၊ ဗိုလ်ချုပ်ပုံ တူ ရုပ်ထု အစရှိတာတွေ စုံစုံလင်လင်ပြသထားတာပဲဖြစ်ပါတယ်။





ဗိုလ်ချုပ်နေအိမ်ဟာ သက်တမ်း၉၇ ခုနှစ်သက်တမ်းရှိပြီး တချို့နေရာတွေမှာ ကြံ့ခိုင်မှုအားနည်းနေသေးတယ်လို့ သိရပါတယ်။



(Unicode)

နတ်မောက်လမ်းက ဗိုလ်ချုပ်နေအိမ်ပြတိုက်

ဇူလိုင် - ၁၉ ၊၂၀၁၈

( ၇၁ ) နှစ်မြောက် အာဇာနည်နေ့မှာတော့ ရန်ကုန်မြို့ နတ်မောက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ပြတိုက်နေအိမ်မှာ လာရောက်လေ့လာကြည့်ရှုသူတွေနဲ့ စည်ကားလျှက်ရှိပါတယ်။

ဗိုုလ်ချုပ်ပြတိုက်ထဲမှာ ဗိုလ်ချုပ် စီးခဲ့တဲ့ ကား ၊ ဗိုလ်ချုပ်ရဲ့လက်ရေးမူတွေ၊ အသုံးအဆောင်ပရိဘောဂပစ္စည်းတွေ၊ ဗိုလ်ချုပ်ရဲ့ပုံတူပန်းချီတွေ ၊ ဗိုလ်ချုပ်ပုံ တူ ရုပ်ထု အစရှိတာတွေ စုံစုံလင်လင်ပြသထားတာပဲဖြစ်ပါတယ်။

မနက်ပိုင်းမှာဗိုလ်ချုပ်ပြတိုက်ကို လာရောက်ကြည့်ရှုသူ သုံးရာကျေ ာ်ရှိတယ်လို့ သိရပါတယ်။

ဒီနှစ်မှာဆိုလို့ရှိရင်အခြားနှစ်တွေနဲ့မတူပဲဗိုလ်ချုပ်ပြတိုက်ရဲ့ပထမထပ်ဟာကြံ့ခိုင်မှုအားနည်းနေသေးတဲ့အတွက်ကြောင့် တက်ရောက်လေ့လာခွင့်ကို ပိတ်ထားတာဖြစ်ပါတယ်။

ပြတိုက်ထဲကို ဝင်ရောက်ကြည့်ရှုတဲ့အခါမှာတော့ ဖုန်းတွေ အိတ်တွေ ယူဆောင်ခွင့်မပြုပါဘူး။

ဒါ့အပြင် ဝင်ရောက်လေ့လာနေတဲ့သူတွေကို အဝင်တစ်လမ်း အထွက်တစ်လမ်းအဖြစ် သတ်မှတ်ထားထာဖြစ်ပါတယ်။

ဗိုလ်ချုပ်နေအိမ်ဟာ သက်တမ်း၉၇ ခုနှစ်သက်တမ်းရှိပြီး တချို့နေရာတွေမှာ ကြ့ံခိုင်မှုအားနည်းနေသေးတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အောင်မျိုးထွန်း ၊ စောအောင်မင်းဦး

#ဗိုလ်ချုပ်ပြတိုက် #နတ်မောက်လမ်း #အာဇာနည်နေ့ #7DAY TV

Recommended