ချင်းပြည်နယ်က သတ်မှတ်စံချိန်စံညွှန်းနဲ့ မညီတဲ့ကျောင်းခုနှစ်ကျောင်း ပြန်လည်စိစစ်နေဇွန်- ၂၄၊ ၂၀၁၈ချင်းပြည်နယ်အတွင်းမှာ ပုဂ္ဂလိကကုမ္ပဏီတွေက တည်ဆောက်ပေးနေတဲ့ ကျော

  • 6 years ago
ချင်းပြည်နယ်က သတ်မှတ်စံချိန်စံညွှန်းနဲ့ မညီတဲ့ကျောင်းခုနှစ်ကျောင်း ပြန်လည်စိစစ်နေ

ဇွန်- ၂၄၊ ၂၀၁၈

ချင်းပြည်နယ်အတွင်းမှာ ပုဂ္ဂလိကကုမ္ပဏီတွေက တည်ဆောက်ပေးနေတဲ့ ကျောင်း ခုနှစ်ကျောင်း ကို သတ်မှတ်စံချိန်စံညွှန်းနဲ့ မညီလို့ ချင်းပြည်နယ် အစိုးရအနေနဲ့ စိစစ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် နမ်းချောင်းဝကျေးရွာအတွင်းက သတ်မှတ်ချက်နဲ့ မညီတဲ့ ကျောင်းတကျောင်းကို ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီလို သတ်မှတ်စံချိန် မမီတဲ့ ကျောင်းတွေကို ချင်းအစိုးရအနေနဲ့ ပြန်လည်စိစစ်ပြီး ဖြေရှင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်အတွင်းမှာ ကျောင်းပေါင်း တစ်ထောင့်လေးရာကျော် ရှိပြီး လက်ရှိ အစိုးရလက်ထက် ပထမ ဘဏ္ဍာနှစ်မှာ ချင်းပြည်နယ်အတွင်း ၁၂၁ ကျောင်း တည်ဆောက်ပေးခဲ့ပြီး ဒုတိယ ဘဏ္ဍာနှစ်မှာ ၅၈ ကျောင်း တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ်အတွင်းမှာတော့ ချင်းပြည်နယ်အတွင်းမှာ ၉၂ ကျောင်း တည်ဆောက်ပေးဖို့ လျာထားတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Recommended