- 6 years ago
ဇွန် - ၁၉ ၊၂၀၁၈
(Unicode)
လိင်ပြောင်းထားသူတွေရဲ့ အလှမယ်ပြိုင်ပွဲတစ်ခု အိန္ဒိယမှာ ကျင်းပ
ဇွန် - ၁၉ ၊၂၀၁၈
အိန္ဒိယနိုင်ငံမှာ လိင်ပြောင်းလဲထားသူတွေရဲ့ အလှမယ် ပြိုင်ပွဲတစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံ အနောက်တောင်ပိုင်းက ဆိပ်ကမ်းမြို့ ကိုချီမှာ ဇွန်လ ၁၈ ရက်က ပြုလုပ်တဲ့ အလှမယ် ပြိုင်ပွဲကို လိင်ပြောင်းလဲထားသူ ၁၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါဝါယာ အလှမယ်ရွေးပွဲလို့ နာမည်ပေးထားတဲ့ ပြိုင်ပွဲကို ဒုတိယ အကြိမ်မြောက် ကျင်းပတာပါ။
ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က လိင်ပြောင်းလဲထားသူတွေ၊ လိင်တူ စုံမက်သူတွေအပေါ် လူ့အဖွဲ့အစည်းက အပေါင်းလက္ခဏာဆန်ဆန် ပိုမို ရှုမြင်လာနိုင်အောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ အနိုင်ရတဲ့ ဆမာရူသီကလည်း လူတွေရဲ့ အတွေးအမြင် ပြောင်းလဲလာအောင် သူ့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၁ က ကောက်ခံတဲ့ သန်းခေါင်စာရင်းအရ အိန္ဒိယမှာ လိင်တူ စုံမက်သူ ငါးသိန်းလောက် ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အမှန်တကယ်မှာတော့ လိင်ပြောင်းထားသူတွေ၊ လိင်တူစုံမက်သူတွေ အရေအတွက်ဟာ နှစ်သန်းကျော်လောက် ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
#အိန္ဒိယ #လိင်ပြောင်းထားသူ #အလှမယ်ပြိုင်ပွဲ #7DAY TV #နိုင်ငံတကာသတင်း