၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်၊ ကြာသပတေး ညချမ်း ဘီဘီစီမြန်မာပိုင်း အစီ အစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။SSA စိန်ကျော့ ပြည်သူ့စစ်အဖွဲ့ကို ဇွန်လ

  • 6 years ago
၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်၊ ကြာသပတေး ညချမ်း ဘီဘီစီမြန်မာပိုင်း အစီ အစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။

SSA စိန်ကျော့ ပြည်သူ့စစ်အဖွဲ့ကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး တရုတ်ယွမ်ငွေ သိန်းချီ ရန်ပုံငွေ ထည့်ဖို့ တီအန်အယ်လ်အေက အကြောင်းကြားစာ ပို့ထားတဲ့အကြောင်းနဲ့ မကွေး၊ စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ရေကြီးရေလျှံလို့ အိမ်တွေ ရေထဲမျောပါသွားတဲ့အကြောင်း စတဲ့ ပြည်တွင်း သတင်းတွေကို ဒီညနားဆင် ရမှာ ဖြစ်ပါတယ်။

အာဖရိက အနောက်ခြမ်းက ဘောလုံး လူကြီးတွေ ငွေယူနေတဲ့ ဗီဒီယို ဖိုင်တွေ ထွက်လာတဲ့ အကြောင်းနဲ့ မြောက်ကိုရီးယားကို စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး သွားတဲ့အကြောင်း စတဲ့ နိုင်ငံတကာ သတင်းတွေ ကိုလည်း တင်ဆက်ပေးဖို့ ရှိပါတယ်။

နောက်ပိုင်းမှာလည်း နိုင်ငံတကာ သုံးသပ်ချက် အစီအစဉ်ကို နားဆင်နိုင်မှာ ဖြစ်ပါ တယ်။

#ဘီဘီစီမြန်မာပိုင်း

Recommended