၂ဝ၁၈ ခုနှစ်၊ ဇွန် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ထိုင်းမှာ တရားမ၀င် အလုပ်လုပ်ကိုင်ေ

  • 6 years ago
၂ဝ၁၈ ခုနှစ်၊ ဇွန် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။

ထိုင်းမှာ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားတွေကို ရှာဖွေဖမ်းဆီးတော့မယ်လို့ ကြေညာလိုက်တဲ့ သတင်း အပါအ၀င် ပြည်တွင်း သတင်းတွေကို နားဆင် ရမှာ ဖြစ်ပါတယ်။

တခါ အမေရိကန် သမ္မတထရမ်နဲ့ မစ္စတာကင်ဂျုံအွန်းတို့ ထိပ်သီးဆွေးနွေးပွဲကို ကမ္ဘာတ၀န်းက သတိထားကြိုဆိုသလို ဝေဖန်မှုလည်း ရှိနေတယ်ဆိုတဲ့ ထိပ်တန်းရောက် နိုင်ငံတကာ သတင်းတွေ ကိုလည်း တင်ဆက်ပေးဖို့ ရှိပါတယ်။

နောက်ပိုင်းမှာလည်း တရုတ်-မြန်မာနယ်စပ် စီးပွားရေး သတင်းနဲ့ အင်္ဂလိပ်စာ ပို့ချချက် အစီအစဉ်ကိုလည်း နားဆင်နိုင်မှာ ဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း

Recommended