Skip to playerSkip to main content
  • 8 years ago
အကြော်ရောင်းပြီး ဝမ်းကျောင်းခဲ့ရတဲ့ မနောရဲ့ ငယ်ဘဝ
---------------------------
ဗိုလ်အောင်ဒင် သီချင်းနဲ့ ပရိသတ်ရင်ကို ထိအောင် ပစ်ခတ်နိုင်ခဲ့တဲ့ အဆိုတော် မနောကတော့ သူ့ငယ်ဘဝကို ပြန်ပြောင်း ပြောဆိုရာမှာ အထက်တန်းပညာကို ပြီးဆုံးအောင်တောင် မသင်ခဲ့ရပဲ အကြော်ရောင်းပြီး ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။
“အဖေနဲ့ အမေက အကြော်သည် ကျနော်တို့လည်း အကြော်ရောင်းရတယ်၊ ဖရဲသီးစိတ်တွေလည်း ရောင်းရတယ်၊ နောက်ပိုင်းတော့ ကျောင်းထွက်ရတယ် ဆရာမတွေကတော့ အမေ့ဆီတောင်းတယ် မွေးစားချင်တယ် အမေက ကျောင်းဆက်မထားတော့ဘူး” လို့ MizzimaTV ကနေ တင်ဆက်နေတဲ့ Music Club အစီအစဉ်မှာ ပြောခဲ့ပါတယ်။
“ဆိုင်းဝိုင်းတွေတွေ့ရင် ကျနော်သီချင်းတောင်းဆိုတယ်၊ ဇာတ်ပွဲတွေတွေ့ရင် မန်နေဂျာကြီးဆီ ကျနော် သီချင်းတောင်းဆိုတယ်” သူ့ဗီဇကိုဆိုခဲ့ပြီး သူ့ဘဝအတွက် အပြောင်းအလဲ ဖြစ်စေတဲ့ သီချင်းကတော့ “ချစ်တယ်” ဆိုတဲ့ သီချင်း ဖြစ်ပါသတဲ့။ မနောရဲ့ ခံယူချက်ကတော့ ရှင်းပါတယ် “ဘာပဲလုပ်လုပ် ရွှံ့ရုပ်ကလေး တစ်ရုပ်ပဲ လုပ်လုပ် အကောင်းဆုံး လုပ်” လို့ Mizzima ပရိသတ်တွေကို စိတ်ဓာတ်ခွန်အား ပေးထားပါတယ်။ ကဲ မနောပြောတဲ့ သူ့ဘဝကို နားထောင်ကြည့်ရအောင်ပါ။ #Mizzima #MizzimaTV

Category

😹
Fun
Comments

Recommended