Skip to playerSkip to main content
  • 8 years ago
မြိုင်မြို့နယ်အတွင်းက ရေနံမှော်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာ
=================
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းက ရေနံမှော်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာတာကြောင့် ဒေသခံအများစု စားဝတ်နေရေး အဆင်ပြေနေကြပါတယ်။ လုပ်သားတစ်ဦးကို စားရိတ်ငြိမ်း တစ်ရက်ကို ၁၂၀၀၀ ကျပ် ရရှိနေတာလည်း ဖြစ်ပါတယ်။ သိန်း ၆၀ လောက်ရင်းနှီးရုံဖြင့် ရေနံတူးဖော်တဲ့တွင်း တစ်တွင်း ရရှိတာမို့ ဒေသခံအများစု ကိုယ်ပိုင်တူးဖော်နေကြတာကိုလည်း တွေ့ရပါတယ်။

ဆုံကုန်းမှော်၊ ကျောက်ခွက်မှော်သပြေညိုမှော်၊ ဆူးဝင်းမှော်၊ လက်ပံတိုမှော်နဲ့ လယ်အိုချောင်းမှော်တွေမှာ အလုပ်ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဒီလို အလုပ်ဖြစ်နေပေမယ့် သောက်သုံးရေ အခက်အခဲနဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ ရေနံမှော်မှာ လာရောက်လုပ်ကိုင်သူတွေမှာ မျှော်လင့်ချက်ကိုယ်စီလည်း ရှိနေကြပါတယ်။

(ရိုက်ကူး၊အောင်ကိုဦး၊မဇ္ဈိမ)

Category

🎈
Fun
Comments

Recommended