Skip to playerSkip to main content
  • 7 years ago
တတိယေျမာက္ရုပ္ရွင္ဇာတ္ကားအတြက္ ဝိတ္ခ်ေနတဲ့ေနျခည္ဦး

စက္တင္ဘာ - ၂၄၊၂၀၁၈

ေအာက္တိုဘာလထဲမွာ စတင္ရိုက္ကူးမယ့္ “ေအာက္ဖဲမလွန္ေၾကး”ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါဝင္ဖို႔ ေနျခည္ဦးက ဝိတ္ခ်ေနတယ္္လုိ႔ ဖြင့္ဟလာပါတယ္။

ဒီဇာတ္ကားဟာ ေနျခည္ဦးရဲ႕ တတိယေျမာက္ရုပ္ရွင္ဇာတ္ကားၾကီးျဖစ္ျပီး ငပလီမွာသြားေရာက္ရိုက္ကူးမွာျဖစ္လို႔ ဘီကနီဝတ္တဲ့အခန္းေတြလည္းပါဝင္မွာျဖစ္ပါတယ္။

ဘီကနီနဲ႔သရုပ္ေဆာင္တဲ့အခါမွာ ပရိသတ္ေတြအျမင္မရိုင္းေစဖို႔၊ ေဝဖန္မခံရေစဖို႔အတြက္ ဝိတ္နည္းနည္းခ်ေနတာျဖစ္ျပီး အစားအေသာက္နဲ႔ပဲ ဝိတ္ခ်ေနတယ္လို႔ ေနျခည္ဦးကေျပာပါတယ္။

ဒါရိုက္တာ ကိုေဇာ္ (အရုဏ္ဦး)ရိုက္ကူးမွာျဖစ္ျပီး သရုပ္ေဆာင္အကယ္ဒမီခန္႔စည္သူ၊ အကယ္ဒမီထြန္းအိျႏၵာဗို၊ အကယ္ဒမီခုိင္သင္းၾကည္တို႔နဲ႔ တြဲဖက္သရုပ္ေဆာင္ရမွာျဖစ္တဲ့ စိတ္လႈပ္ရွားေနတယ္လုိ႔ ေနျခည္ဦးကေျပာပါတယ္။

ေနျခည္ဦးပါဝင္ ရိုက္ကူးထားတဲ့ ဇာတ္ကားႏွစ္ကားလည္းမထြက္ေသးလို႔ သူ႔ရဲ႕သရုပ္ေဆာင္မႈေတြကို ပရိသတ္ေတြအားေပးဖို႔ လည္းေနျခည္ဦးက ဆိုလိုက္ပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

တတိယမြောက်ရုပ်ရှင်ဇာတ်ကားအတွက် ဝိတ်ချနေတဲ့နေခြည်ဦး

စက်တင်ဘာ - ၂၄၊၂၀၁၈

အောက်တိုဘာလထဲမှာ စတင်ရိုက်ကူးမယ့် “အောက်ဖဲမလှန်ကြေး”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ဖို့ နေခြည်ဦးက ဝိတ်ချနေတယ်လို့ ဖွင့်ဟလာပါတယ်။

ဒီဇာတ်ကားဟာ နေခြည်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ငပလီမှာသွားရောက်ရိုက်ကူးမှာဖြစ်လို့ ဘီကနီဝတ်တဲ့အခန်းတွေလည်းပါဝင်မှာဖြစ်ပါတယ်။

ဘီကနီနဲ့သရုပ်ဆောင်တဲ့အခါမှာ ပရိသတ်တွေအမြင်မရိုင်းစေဖို့၊ ဝေဖန်မခံရစေဖို့အတွက် ဝိတ်နည်းနည်းချနေတာဖြစ်ပြီး အစားအသောက်နဲ့ပဲ ဝိတ်ချနေတယ်လို့ နေခြည်ဦးကပြောပါတယ်။

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီထွန်းအိန္ဒြာဗို၊ အကယ်ဒမီခိုင်သင်းကြည်တို့နဲ့ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်တဲ့ စိတ်လှုပ်ရှားနေတယ်လို့ နေခြည်ဦးကပြောပါတယ်။

နေခြည်ဦးပါဝင် ရိုက်ကူးထားတဲ့ ဇာတ်ကားနှစ်ကားလည်းမထွက်သေးလို့ သူ့ရဲ့သရုပ်ဆောင်မှုတွေကို ပရိသတ်တွေအားပေးဖို့ လည်းနေခြည်ဦးက ဆိုလိုက်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

😹
Fun
Comments

Recommended