ခရီးသွားအခြေခံ အသေးစားလုပ်ငန်းဖွံ့ဖြိုးရေး ပြုလုပ်မည်

  • 7 years ago
ခရီးသွားလုပ်ငန်းနဲ့ ပက်သက်တဲ့သတင်းတစ်ပုဒ်ကို ဆက်လက်တင်ပြပေးပါမယ်။ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ခရီးသွားလုပ်ငန်းအခြေခံ အသေးစားလုပ်ငန်းတွေဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွား တော့မှာဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတကာဖွံ့ဖြိုးရေးအထောက်အကူပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ကျေးလက်ဒေသ မိသားစုတပိုင်တနိုင် ကုန်ထုတ်လုပ်ငန်းတွေ၊ အသေးစားကုန်ထုတ်လုပ်ငန်းတွေနဲ့ အိမ်တွင်းလက်မှုပစ္စည်းထုတ်လုပ်မှုတွေ ဈေးကွက်ရရှိရေး၊ အရည်အသွေးတိုးမြှင့်ရေးအတွက် နည်းပညာအထောက်အပံ့ ပေးသွားမှာဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အမှတ်တရပစ္စည်းထုတ်လုပ်မှု၊ ခရီးသည်တွေအသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်း၊ အစားအသောက်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စတာတွေတိုးတက်လာဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလေ့လာပြီး အကူအညီပေးဖို့ ဆောင်ရွက်နေပြီလို့လည်း ပြောပါတယ်။

Recommended