စွန့်ပစ်ပစ္စည်းကို ပြန်လည် ပြုပြင်ဖန်တီးထားသည့် အနုပညာပြပွဲ ပြုလုပ်မည်

  • 5 years ago
စွန့်ပစ်ပစ္စည်းကို ပြန်လည် ပြုပြင်ဖန်တီးထားသည့် အနုပညာပြပွဲ ပြုလုပ်မည်
********************
စွန့်ပစ်ပစ္စည်းများ ဖြစ်တဲ့ အမှိုက်တွေနဲ့ လှပပြီး ပြန်လည် အသုံးပြုနိုင်မယ့်  ပစ္စည်းတွေကို အနုပညာဆန်ဆန်ပြသထားတဲ့ Pure Gold အနုပညာပြပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ၀န်ကြီးများရုံးမှာ ဒီဇင်ဘာ ၁၄ရက်နေ့က သတင်းစာရှင်လင်းပွဲတစ်ရပ်ပြုလုပ်ပြီး မီဒီယာများကို ရှင်းလင်းခဲ့ပါတယ်။ဝန်ကြီးများရုံးမှာ ဒီဇင်ဘာ ၁၅ရက်နေ့ကနေ ဇန်န၀ါရီ ၆ရက်နေ့အထိ မနက် ၁၀နာရီခွဲကနေ ညနေ ၄နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားသူတွေအနေနဲ့ အခမဲ့ လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ်-ကျော့ကေခိုင်

Recommended