DVB Debate Report: 'About 25% of the electricity is missing'

  • 8 years ago
မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့လျှပ်စစ်ဓါတ်ကြိုးတွေဟာ
ဟောင်းနွမ်းနေတဲ့အပြင် အရည်အသွေးညံ့တဲ့ ထရန်စဖော်မာတွေကြောင့် တစ်နိုင်ငံလုံးပို့လွှတ်နေတဲ့ လျှပ်စစ်ဓါတ်အားရဲ့ ၂၅ ရာခိုင်နှုန်းဟာ
ပျောက်ဆုံးနေတယ်လို့ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဦးဇော်ရမ်းက အခုအပတ်ဒီဗီဘီ ဒီဘိတ်မှာ ပြောဆိုပါတယ်။
နိုင်ငံတကာမှာလက္ခံထားတဲ့ ၇ ရာခိုင်နှုန်းထက် များစွာပိုနေတဲ့အတွက် ဆုံးရှုံးမှုတွေများတယ်လို့ သူကဆိုပါ တယ်။
ဒါကို တက်ရောက်ဆွေးနွေးသူတွေက သဘောတူလက္ခံကြပြီး ဒါဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်လည်းဖြစ်တယ်လို့ ဖြည့်စွက်ဆွေးနွေးသွားခဲ့ကြပါတယ်။
အခုအပတ်ဒီဘိတ်ကို လျှပ်စစ်ဝန်ကြီးဌာနတာဝန်ရှိသူတွေ လာရောက်ဆွေးနွေးခြင်းမရှိခဲ့တဲ့အတွက် အပြန်အလှန်ခြေပပြော ဆိုမှုတွေသိပ်မရှိခဲ့ဘဲ အနည်းငယ်အေးစက်ခဲ့ပါတယ်။
ဒီဘိတ်ကို မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားမလုံလောက်မှုပြဿနာကို ဘယ်လိုအဖြေရှာကြမလဲ ဆိုတဲ့ခေါင်းစဉ် နဲ့ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
ဒီဘိတ်မှာ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဦးဇော်ရမ်း၊ ဒဂုံဆိပ်ကမ်းစက်မှုဇုံ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ညွန့်လွင်၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သူတေသနအင်စတီကျုရဲ့ ဒါရိုက်တာ
ဒေါက်တာ ၀င်းမြင့်နဲ့ ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထွန်းနိုင်တိုက အဓိကဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်။

Recommended