DVB Debate Report: “Government most responsible for reconciliation”

  • 8 years ago
အမျိုးသားပြန်လည်သင့်မြတ်ရေးကိုတည်ဆောက်မယ်ဆိုရင် လက်ရှိအစိုးရမှာ တာဝန်အရှိဆုံးဖြစ်တယ်
လို့ အခုအပတ်ဒီဘိတ်မှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်တဲ့
ပဒိုမန်းငြိမ်းမောင်က အခိုင်အမာပြောဆိုလိုက်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ဘယ်လောက်
စစ်မှန်နီးစပ်ပြီလဲဆိုတဲ့ ခေါင်းစဉ်နဲ့ အခုအပတ်ဒီဘိတ်ကိုပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ သူကပြောဆိုသွားခဲ့
တာဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ဆိုရင် သမိုင်းနဲ့ချီ ယိုယွင်းလာခဲ့တဲ့ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး
ကို ကောင်းမွန်ခိုင်မာဖို့ အရင်စဉ်းစားကြရပေမယ့် အမှန်တကယ်တော့ အဲဒီထက်ပိုမိုကျယ်ပြန့်ပါတယ်။
မကြာသေးခင်က အချက် ၅ ချက်ပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိက၀တ်ကို သမ္မတအပါအ၀င်၊ အစိုးရအဖွဲ့ခေါင်းဆာင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့  တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့တို့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒါနဲ့ပတ်သတ်
ပြီးတော့လည်း တိုင်းရင်းသားတွေကြားမှာ သဘောကွဲလွဲမှုတွေရှိခဲ့ပါတယ်။

Recommended