မန်ယူ ၄-၀ ချယ်လ်ဆီးပွဲစဉ်အပြီး ဆိုးလ်ရှားနဲ့ လမ်းပတ်တို့ ဘာတွေ ပြောသွားခဲ့သလဲ
  • 5 years ago
မန်ယူ ၄-၀ ချယ်လ်ဆီးပွဲစဉ်အပြီး ဆိုးလ်ရှားနဲ့ လမ်းပတ်တို့ ဘာတွေ ပြောသွားခဲ့သလဲ
**********************
မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီအသင်းတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်က ချယ်လ်ဆီးကို (၄-၀)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်တို့ ဒီပွဲစဉ်အပေါ် အသီးသီးဆွေးနွေးသုံးသပ်သွားခဲ့ကြပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကို ရှပ်ဖို့ဒ်က (၂)ဂိုး သွင်းယူခဲ့သလို မာရှယ်နဲ့ ဂျိမ်းစ်တို့က (၁) ဂိုးစီ သွင်းယူနိုင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်ဟာ ပွဲစဉ် (၁) ကစားအပြီးမှာ ရမှတ် (၃)မှတ်အပြည့်ရယူနိုင်ခဲ့လို့ အမှတ်ပေးဇယားရဲ့ အဆင့် (၂)မှာ ရပ်တည်နိုင်ခဲ့ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59564
တင်ဆက် - ဇေယျာမော်
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ
Recommended