Skip to playerSkip to main content
  • 9 years ago
"အချိန်နဲ့ပတ်သက်ပြီးတော့ အချိန်တွေလည်းပြောင်းစေချင်တယ်။ ညနေဘက်ဆိုလည်း စောစောလေးမပြန်ရရင်တောင်မှ မှောင်ရီပျိုးလောက်လေးအချိန်လောက် ပြန်ချင်တယ်။ စက်ရုံသွားရင် ဘာဖြစ်ချင်တာလဲဆိုတော့ လမ်းတွေမှာမီးတွေမရှိဘူး။ မီးတွေရှိစေချင်တယ်။ မီးတွေ မရှိတဲ့အခါကျတော့ မိန်းကလေးတွေအတွက် မလုံခြုံဘူးပေါ့။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။"

ပြုပြင်ပြောင်းလဲမှုနောက်ကွယ်မှ အမေ့လျော့ခံ အမျိုးသမီးအလုပ်သမများ ဆိုတဲ့ ရုပ်သံမှတ်တမ်းနဲ့ သုတေသနစာတမ်းကို မြန်မာ့အမျိုးသမီးသမဂ္ဂက စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားဖက်စပ်အထည်ချုပ် လုပ်ငန်းတွေက အမျိုးသမီးအထည်ချုပ် အလုပ်သမားတွေအပေါ် ကျုးလွန်နေတဲ့ အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။

Category

🗞
News
Comments

Recommended