မိတ်ဆွေ အတု အစစ် ခွဲခြားနည်း | ThinYuPar

  • 4 years ago
မိတ်ဆွေ အတု အစစ် ခွဲခြားနည်း

လောကမှာ မိတ်ဆွေအပေါင်းအသင်းများတယ်ဆိုတာ ဂုဏ်ယူစရာပါ။ အပေါင်းအသင်းဆန့်တယ် လူချစ်လူခင် ပေါတယ်ဆိုတာ ကိစ္စတော်တော်များများမှာ အသုံးဝင်လှပါတယ်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ကင်းလို့မရတဲ့ ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်ကို အမှီသဟဲ ပြုနေရပါတယ်။ အဲ့ဒီ့နောက်မှာ ကပ်ပါလာတာကတော့ ပေါင်းသင်းဆက်ဆံရေးပါပဲ။ ပေါင်းသင်းဆက်ဆံရေး ကောင်းရင်ကောင်းသလောက် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကလည်း အများကြီးပါပဲ။ ဒါပေမယ့် မိတ်ဆွေတွေများနေပေမယ့် အကုန်လုံးက အတုအယောင်တွေချည်းပဲ ဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ ခေါက်ရှာငှက်၊ လိပ်နဲ့ သမင်တို့ရဲ့ မိတ်ဆွေသုံးဦးပုံပြင်ထဲကလို မိတ်ဆွေကောင်းတွေရှိနေမယ်ဆိုရင်တော့ ဘဝကို ဖြတ်သန်းရာမှာ များစွာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ချောင်းတစ်ဖက်ကမ်းကို ကူးဖို့အခက်တွေ့နေတဲ့ မျောက်ဟာ ဆင်လိုမိတ်ဆွေမျိုးနဲ့ ပေါင်းသင်းမိတဲ့အတွက် လိုရာခရီးကို အလွယ်တကူ ရောက်ရှိခဲ့သလို အပင်ပေါ်က သစ်သီးကို စားချင်ပေမယ့် ခူးဖို့မတတ်နိုင်တဲ့ ဆင်ဟာလည်း မျောက်ရဲ့ကူညီမှုကေ့ာင့် အပင်ပေါ်က သစ်သီးကို စားသုံးနိုင်ခဲ့ပါတယ်။ ဒါဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားရဲ့ အထင်ရှားဆုံး သာဓကပါပဲ။ မိတ်ဆွေဖွဲ့တဲ့နေရာမှာ အတုအယောင်လား၊ အစစ်လားဆိုတာကိုတော့ ခွဲခြားနိုင်ဖို့ လိုအပ်လှပါတယ်။ ဒါ့ကြောင့်မို့လို့ သင်ယူပါရဲ့ လူမှုရေးကဏ္ဍကနေ မိတ်ဆွေ အတု၊ အစစ် ခွဲခြားသိရှိနိုင်မယ့် သင့်ပတ်ဝန်းကျင်က မိတ်ဆွေ အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

#Entertainment #Thinyupar #Best_friend #Fake_Friend

တစ်နေ့တာ ပင်ပန်းခဲ့သမျှ ဘဝအမောတွေ ဖြေဖျောက်စေဖို့အတွက် ThinYuPar ရဲ့ Entertainment Channel ကနေ ရယ်ရွှင်ဖွယ်ရာ ဗီဒီယိုတွေ၊ တေးသီချင်းတွေ အခြားဖျော်ဖြေရေး အစီအစဉ်တွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ အပန်းပြေစေဖို့ Subscribe လုပ်ထားဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။

FOLLOW US
Website: https://www.thinyupar.com
Facebook: https://www.facebook.com/ThinyuparOfficial
Instagram: https://www.instagram.com/thinyupar_official
Tik Tok: https://www.thinyupar_official
Twitter: https://twitter.com/Thinyupar1
Pinterest: https://www.pinterest.com/ThinYuPar
YouTube: https://www.youtube.com/channel/UCyDxNb3WJs193hmu84hDnbg/

Recommended