Skip to playerSkip to main content
  • 6 years ago
စထန်း ၅ သည် ကမ္ဘာ့မြေမျက်နှာပြင်မှ တင်လွှတ်သော စွမ်းအားအကောင်းဆုံး ဒုံးကျည်ဖြစ်သည်။ ဤနည်းပညာအောင်မြင်မှုသည် ပထမဆုံးလူသားကို လပေါ်သို့ သယ်ဆောင်နိုင်ခဲ့ခြင်းပဲဖြစ်သည်။ ၁၉၅၀နှောင်းပိုင်မှစ၍ သွေးအေးစစ်ပွဲအသွင်ဖြင့် အာကာသယှဥ်ပြိုင်ပွဲတွင် ပြိုင်ဘက်များဖြစ်သော အမေရိကန်နိုင်ငံနှင့် ရုရုားနိုင်ငံတို့သည် အာကာသရှာဖွေရေး၌ သြဇာကြီးဖို့ရန်အတွက် ယှဥ်ပြိုင်ပါ၀င်ခဲ့ကြသည်။ ၁၉၆၁ခုနစ်တွင် အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီသည် ရာစုနှစ်ကုန်ပိုင်းတွင် လပေါ်သို့ လူရောက်အောင်သွားနိုင်ရမည့် ရည်မှန်းချက်ကို ကြေငြာခဲ့သည်။ အင်ဂျင်နီယာတပ်ဖွဲ့သည်လည်း အာကာသယာဥ်မှူးများကို ကမ္ဘာ့ပတ်လမ်းကြောင်းအပြင်ဘက်သို့ ပို့ဆောင်ပေးနိုင်သည့်စွမ်းအားကောင်းမွန်သော ဒုံးကျည်များသည် တိုးတက်အောင် လုပ်ဆောင်ရသည်။ ဤပရောဂျက်တွင် ဗန်ရာ ဗွန် ဘယွန် (Wernher Von Braun) အရေးပါသောသူဖြစ်သည်။ ၎င်းသည် ဒုတိယ ကမ္ဘာစစ်အတွင်း ပဲ့ထိန်းစနစ်ဖြင့် လိုရာလမ်းကြောင်းအတိုင်း ပစ်လွှတ်ပြီးနောက် အလွတ်ပျံသန်း၍ ကျ‌ရောက်လာသော ဒုံးကို နည်းပြပေးရသော ဂျာမနီ ဗီ ၂ တာ‌ေ၀းလမ်းပြ ကိုတိုးတက်ဖွံ့ဖြိုးလာအောင်လုပ်ဆောင်ပေးသူဖြစ်သည်။ စစ်ပြီးမဆုံးခင် ဗွန် ဘယွန်သည် အမေရိကန်ကို အရှုံးပေးလိုက်ရပြီး နာဆာအတွက် စထန်း ၅တိုးတက်အောင် ကူညီရန် V-2 နည်းပညာကို အသုံးပြုပေးရန်လိုက်ပါခဲ့ရသည်။ နှောင့်‌နှေးကြန့်ကြာမှုများစွာ နှင့် နည်းပညာအခက်အခဲ ရှိနေသော်လည်း ၁၉၆၇ခုနစ် နို၀င်ဘာလ ၉ရက်နေ့တွင် ပထမဆုံး လူမပါသော စမ်းသပ်ယာဥ် စန်ထရယ် ၅ ယာဥ်ကို လုပ်ဆောင်ခဲ့သည်။ အခြားသော ယာဥ်စမ်းသပ်မှူများလည်း ဆက်လက်လုပ်ဆောင်ပြီးနောက် ၁၉၆၉ခုနစ် ဂျူလိုင် ၂၁ရက်နေ့တွင် လူသည် လပေါ်သို့ ပထမဆုံးအကြိမ် ခြေချနိုင်ခဲ့သည်။ စထန်း ၅ ကိုကျေးဇူးတင်ရမည့် စမ်းဆောင်မှုတစ်ခုပဲဖြစ်သည်။

https://memr.moe.edu.mm/video/the-saturn-v-rocket/

Category

📚
Learning
Be the first to comment
Add your comment

Recommended