Skip to playerSkip to main content
  • 6 years ago
ကွန်ပျူတာသုံးစနစ်များ နှင့်မောင်းသူမဲ့လေယာဥ်များသည် နေ့စဥ်ယာဥ်လမ်းကြောင်းများတွင် ပိုပိုပြီး ထိန်းချုပ်လာကြသည်။ အရပ်ဘက်လေကြောင်းလိုင်တွင် မောင်းသူမဲ့လေယာဥ်များသည် နှစ်ပေါင်း အတော်ကြာ သူတို့၏တန်ဖိုးကို သက်သေပြနေကြပါသည်။ အနာဂတ်တွင် ကုန်တင် သ‌‌‌င်္ဘောကြီး များသည် အမှုထမ်းများမပါရှိဘဲ ကမ္ဘာ့သမုဒ္ဒရာများကို ဖြတ်သန်းသွားလာနိုင်လိမ့်မည်။ ရည်မျန်းချက်ကြီးသော အစီအစဥ်များသည်လည်းပဲ ယာဥ်ပိတ်ဆို့မှုများရှိနိုင်သည်။ ယခုနှစ်ပေါင်း များစွာအကြာတွင် ကားထုတ်လုပ်သူများနှင့် သိပ္ပံသုတေသနအဖွဲ့အစည်းများသည် မောင်းသူမဲ့ မောင်းနှင်နိုင်သောယာဥ်များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြပြီဖြစ်သည်။ နည်းပညာသစ်များကို မျှော်လင့်ခြင်းက ထူးခြားကောင်းမွန်လှသည်။ ကျွမ်းကျင်သူများကတော့ အနာဂတ်တွင် လမ်းပေါ်၌ယာဥ်များနည်းပါးလာခြင်း ယာဥ်ပိတ်ဆို့မှုများနည်းပါးလာခြင်းနှင့် ယာဥ်တိုက်မှုများလည်း နည်းပါးလာမည်ဟု ခန့်မှန်းကြသည်။ အချို့သောခန့်မှန်းချက်များအားဖြင့် မောင်းသူမဲ့ယာဥ်များသည် နှစ်အနည်းငယ်အတွင်းတွင် စျေးကွက်ထဲသို့ ဝင်ရောက်ဖို့ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း မောင်းသူမဲ့ယာဥ်စနစ်သည် မည်ကဲ့သို့အလုပ်လုပ်ပြီး ၎င်းတို့သည် အန္တရယ်ကင်းလုံခြုံစိတ်ချမှုရှိရဲ့လား?

Category

📚
Learning
Be the first to comment
Add your comment

Recommended