ပညာသင်ကြားရေး အထောက်အကူပြု ပန်းသီး application မိတ်ဆက်

  • 5 years ago
ပညာသင်ကြားရေး အထောက်အကူပြု ပန်းသီး application မိတ်ဆက်
**************************************

KG အတန်းမှစတင်ကာ တက္ကသိုလ်ဝင်တန်းအထိ သင်ခန်းစာများနဲ့ ကလေးသူငယ် ပညာသင်ကြားရေး အထောက်အကူပြု ဗဟုသုတတွေကို အချိန်မရွေးလေ့လာနိုင်တဲ့ ပန်းသီး application မိတ်ဆက်ပွဲ အခမ်း အနားကို အောက်တိုဘာ ၂၉ရက်နေ့က ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီ အပလီကေးရှင်းဟာ အင်တာနက်ကိုအသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကျေးရွာတွေမှာ ဖုန်းအသုံးပြုသူတွေ အင်တာနက်လိုင်းအခြေအနေတွေကို ကွင်းဆင်းလေ့လာပြီးတော့မှ ဒီ အပလီကေးရှင်းကို တီထွင်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီအပလီကေးရှင်းကို မဟာမိုဘိုင်းအပလီကေးရှင်းက ရေးဆွဲပေးတာဖြစ်ပြီး ဆရာမတစ်ယောက်က ကျောင်းသားကို စာရှင်းပြနေသလိုမျိုး ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
ပန်းသီး အပလီကေးရှင်းထဲမှာ တက္ကသိုလ်ဝင်တန်းတစ်ခုတည်းအတွက်မဟုတ်ပဲနဲ့ KGအတန်းငယ်မှစတင်ကာ တက္ကသိုလ်ဝင်တန်းအထိ ပြောင်းလဲနေတဲ့ ပညာရေးစနစ်အတိုင်းရိုက်ကူး တင်ဆက်ထားမှာဖြစ်တယ်လို့ သိရပါတယ်။
ပန်းသီး အပလီကေးရှင်းကိုတော့ google play store ကနေ ဒေါင်းလုတ်ဆွဲပြီး log in ဝင်ရုံနဲ့ သင်ခန်းစာ တွေကို ကြည့်ရှုနိုင်ပြီပဲဖြစ်ပါတယ်။
ရိုက်ကူးတည်းဖြတ် - လာဘ်ရတနာဗိုလ်
(zawgyi)
ပညာသင္ၾကားေရး အေထာက္အကူျပဳ ပန္းသီး application မိတ္ဆက္
**************************************

KG အတန္းမွစတင္ကာ တကၠသိုလ္ဝင္တန္းအထိ သင္ခန္းစာမ်ားနဲ႔ ကေလးသူငယ္ ပညာသင္ၾကားေရး အေထာက္အကူျပဳ ဗဟုသုတေတြကို အခ်ိန္မေ႐ြးေလ့လာႏိုင္တဲ့ ပန္းသီး application မိတ္ဆက္ပြဲ အခမ္း အနားကို ေအာက္တိုဘာ ၂၉ရက္ေန႔က ဆူးေလ ရွန္ဂရီလာဟိုတယ္မွာ ျပဳလုပ္ခဲ့ပါတယ္။
ဒီ အပလီေကးရွင္းဟာ အင္တာနက္ကိုအသုံးျပဳရတာျဖစ္တဲ့အတြက္ေၾကာင့္ အနယ္နယ္အရပ္ရပ္မွာရွိတဲ့ ေက်း႐ြာေတြမွာ ဖုန္းအသုံးျပဳသူေတြ အင္တာနက္လိုင္းအေျခအေနေတြကို ကြင္းဆင္းေလ့လာၿပီးေတာ့မွ ဒီ အပလီေကးရွင္းကို တီထြင္တာျဖစ္တယ္လို႔ သိရပါတယ္။
ဒီအပလီေကးရွင္းကို မဟာမိုဘိုင္းအပလီေကးရွင္းက ေရးဆြဲေပးတာျဖစ္ၿပီး ဆရာမတစ္ေယာက္က ေက်ာင္းသားကို စာရွင္းျပေနသလိုမ်ိဳး ႐ိုက္ကူးထားတာလည္းျဖစ္ပါတယ္။
ပန္းသီး အပလီေကးရွင္းထဲမွာ တကၠသိုလ္ဝင္တန္းတစ္ခုတည္းအတြက္မဟုတ္ပဲနဲ႔ KGအတန္းငယ္မွစတင္ကာ တကၠသိုလ္ဝင္တန္းအထိ ေျပာင္းလဲေနတဲ့ ပညာေရးစနစ္အတိုင္း႐ိုက္ကူး တင္ဆက္ထားမွာျဖစ္တယ္လို႔ သိရပါတယ္။
ပန္းသီး အပလီေကးရွင္းကိုေတာ့ google play store ကေန ေဒါင္းလုတ္ဆြဲၿပီး log in ဝင္႐ုံနဲ႔ သင္ခန္းစာ ေတြကို ၾကည့္ရႈႏိုင္ၿပီပဲျဖစ္ပါတယ္။
႐ိုက္ကူးတည္းျဖတ္ - လာဘ္ရတနာဗိုလ္

Recommended