Skip to playerSkip to main content
  • 7 years ago
နက်စလေ ဝက်ဝံမော့မစ် အသင့်သောက်ဘူးသစ် မိတ်ဆက်
*******************

မြန်မာမိသားစုတွေ ကြံ့ခိုင်ထက်မြက်နေစေမယ့် နေ့ရက်တိုင်းအတွက် သံဓါတ်ကြွယ်ဝစွာပါဝင်တဲ့ နက်စလေ ဝက်ဝံမော့မစ် အသင့်သောက်ဘူးသစ်ကို ဇူလိုင် ၁၉ ရက်နေ့က ရန်ကုန်မြို့ ဂျန်းရှင်းစီးတီး ပထမထပ်မှာ မိတ်ဆက်လိုက်ပါတယ်။

သံဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ကြံ့ခိုင်သန်စွမ်းမှုအပြင် ဥာဏ်ရည်ဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးတဲ့ အာဟာရဓါတ်တစ်ခုပါ။ သံဓါတ်ကို အဓိကအနေနဲ့ ပြင်ပအစားအစာတွေကနေပြီး ဖြည့်ဆည်းပေးရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးငယ် အများစု စားနေကြတဲ့အစားအစာတွေဟာ သံဓါတ်ပါဝင်မှု နည်းပါးနေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သံဓါတ်ကြွယ်ဝစွာပါဝင်တဲ့ နက်စလေ ဝက်ဝံမော့မစ် အသင့်သောက်ဘူးသစ်ကို မိတ်ဆက်ရတာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

နက်စလေ ဝက်ဝံမော့မစ် အသင့်သောက်ဘူးသစ် မိတ်ဆက်ပွဲကို နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ချစ်သုဝေ၊ နီနီခင်ဇော် နဲ့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့လည်း တက်ရောက်လာခဲ့ပါတယ်။

ရိုက်ကူး-စိုးသူအောင်

တည်းဖြတ်-၀င်းလှိုင်

#ProductShowcase #Advertorial

Category

🗞
News
Comments

Recommended