Skip to playerSkip to main content
  • 6 years ago
ဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံးက သင်းအုပ်ဆရာတွေဟာ သမ္မာကျမ်းစာကို အရှေ့ရော အနောက်ရောသိကျွမ်းကြတဲ့သူတွေဖြစ်ပြီးတော့၊ သမ္မာကျမ်းစာထဲက ကျမ်းပိုဒ်တွေကို မကြာခဏလူတွေကို ရှင်းပြလေ့ရှိတယ်။ ကျွန်ုပ်တို့မျက်စိထဲမှာတော့၊ သူတို့ဟာ ဘုရားသခင်ကိုသိကျွမ်းတဲ့သူတွေလို့ ထင်ရပေမဲ့၊ ဘာသာရေးလောကထဲက အများစုက နောက်ဆုံးသောကာလထဲမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ဘာလို့ရှုတ်ချပြီးဆန့်ကျင်နေကြတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် "ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ရွတ်နေသည့်တိုင်

ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်သေးပဲ၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် တန်ဖိုးမဲ့၍ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီ ရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏ နာမကို ကိုင်ဆောင်ပြတတ်သော်လည်း စိတ်ဆန္ဒမှာမူ ဘုရားသခင်ကို ဆန့်ကျင်တတ်ကြ၏။......" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း
ရုပ်ရှင်ဇာတ်လမ်းတိုး (၁) သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလား
https://my.godfootsteps.org/videos/was-work-of-salvation-completed.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။
Be the first to comment
Add your comment

Recommended