Skip to playerSkip to main content
  • 7 years ago
အကြီးအကဲလီကတော့ ဘာသာရေးသင်းအုပ်ဆရာတွေရဲ့စကားတွေကို မျက်စိမှိတ်ယုံနေခဲ့ပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာ အားလုံးမှတ်တမ်းတင်ထားတယ်၊ သမ္မာကျမ်းစာအပြင်ကအရာတွေဟာ ဘုရားသခင်ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်မဖြစ်နိုင်ဘူးလို့ တွေးထင်ခဲ့တယ်။ လီဟာ သမ္မာကျမ်းစာကိုဖက်တွယ်နေဖို့ပဲလိုတယ်၊ သခင်ပြန်ကြွလာတဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခြင်းခံရမယ်လို့ သူတွေးထင်ခဲ့တယ်။ အဲဒါကြောင့်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်တွေကို လီထည့်မစဉ်းစားခဲ့ဘူး။ ဆွေးနွေးပွဲတစ်ခုမှာ၊ အကြီးအကဲလီဟာ သူ့လုပ်ဖော်ဆောင်ဘက် အကြီးအကဲအင်(မ်)က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းကို လေ့လာနေတာ တစ်နှစ်ကျော်လောက်ရှိပြီလို့ သိလိုက်ရတယ်။ အကြီးအကဲအင်(မ်)နဲ့ မိတ်သဟာရဖွဲ့ပြီးရင်းနဲ့ အကြီးအကဲလီဟာ ဘာသာရေးသင်းအုပ်ဆရာတွေရဲ့ ခြေချင်းခတ်ခြင်း၊ ထောင်ချောက်ဆင်ခြင်းတွေ​ခံနေခဲ့ရတယ်ဆိုတဲ့ သနားစရာကောင်းတဲ့အမှန်တရားကို နားလည်လိုက်ရတယ်။ နောက်ဆုံးမှာတော့ အကြီးအကဲလီဟာ ခြေချင်းတွေကိုချိုးဖျက်နိုင်ခဲ့ပြီး သူ့ရဲ့ကျန်တဲ့လုပ်ဖော်ဆောင်ဘက်တွေကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းကို အတူတကွရှာဖွေဖို့၊ လေ့လာဖို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ခရစ်ယာန်များ ကိုယ်တွေ့သက်သေခံဆောင်းပါးများကို အခမဲ့ဖတ်ရှုခြင်း
https://my.godfootsteps.org/testimonies-categories/testimonies-of-returning-to-God.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။
Comments

Recommended