Skip to playerSkip to main content
  • 6 years ago
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာရှိတယ်၊ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းဟာ ပြီးပြည့်စုံပြီ၊ ဘုရားသခင်ကိုယုံကြည်ခြင်းဟာ သမ္မာကျမ်းစာပေါ်မှာပဲအခြေခံရမယ်၊ ပြီးတော့ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းသာ သမ္မာကျမ်းစာပေါ် အခြေခံမယ်ဆိုရင်၊ ကျွန်ုပ်တို့ဟာ သေချာပေါက် ကောင်းကင်နိုင်ငံတော်ကို ချီဆောင်သွားခြင်းခံရမယ်။ ဒီဘာသာရေးအတွေးအခေါ်တွေဟာ မမြင်ရတဲ့ကြိုးတွေလို သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ကို မရှာဖွေအောင်နဲ့ ဘုရားသခင်ရဲ့လက်ရှိအမှုတော်တွေကို မနာခံနိုင်အောင် ကျွန်ုပ်တို့ရဲ့အတွေးတွေကို တင်းတင်းကြပ်ကြပ်ချည်နှောင်ထား၊ ချုပ်နှောင်ထားကြတယ်။ ဒီလိုသာဆိုရင် ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာနဲ့ ဘုရားသခင်၊ ပြီးတော့ သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရဲ့အမှုတော်ကြားက ဆက်သွယ်မှုကို ကျွန်ုပ်တို့ဘယ်လိုနားလည်နိုင်ကြမလဲ။ သခင်ယေရှုက၊ "ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည်အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ။" (ယော ၅:၃၉-၄၀) လို့ပြောခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က၊ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။" လို့ပြောထားပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒါဟာ သမ္မာကျမ်းစာကို စွန့်ခွာမှသာလျှင် ဘုရားသခင်ရှေ့တော်ကိုလာပြီး ကိုယ်တော့်ကယ်တင်ခြင်းကိုလက်ခံဖို့နဲ့ ကောင်းကင်နိုင်ငံတော်ရဲ့စားပွဲကို သူနဲ့အတူတက်ရောက်ဖို့ဖြစ်တယ်။

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း
ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်
https://my.godfootsteps.org/videos/my-dream-of-heavenly-kingdom-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။
Be the first to comment
Add your comment

Recommended