Skip to playerSkip to main content
  • 6 years ago
ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၁၉

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွက် ကိုယ်စားလှယ်တွေ မေးမြန်းထားတဲ့ လွှတ်တော်မေးခွန်း ၄၉ ခုအနက် မေးခွန်း ၂၅ ခုကို လွှတ်တော် အစည်းအဝေးမှာ ဖြေကြားပေးမှာဖြစ်ပြီး ကျန်တဲ့မေးခွန်း ၂၄ ခုကို အချိန်မီဖြေကြားဖို့ အခက်အခဲရှိတဲ့အတွက် နောက်လာမယ့် လွှတ်တော်အစည်းအဝေးမှာသာ ဖြေကြားပေးသွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက စက်တင်ဘာ ၁၇ ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

မေးခွန်းတွေကို ပြည်နယ်လွှတ်တော်ရဲ့ နည်းဥပဒေအတိုင်း ပြည်နယ်အစိုးရထံ ပေးပို့ထားခြင်း အပေါ်လွှတ်တော်မေးခွန်းတွေကို ဖြေဆိုဖို့ အချိန်ရွှေ့ဆိုင်း လုပ်ဆောင်ခြင်းဟာ အစိုးရက လွှတ်တော်ကို လွှမ်းမိုးချင်တဲ့ သဘောသက်ရောက်နေပြီး လွှတ်တော်ကို လွှမ်းမိုးတာဟာ ဥပဒေပဲ ရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ဆိုပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဥာဏ်စိုးဝင်း

Category

🗞
News
Be the first to comment
Add your comment

Recommended