တောင်ပြိုကျမည်စိုး၍ ရဲပြားကုန်းမူလတန်းကျောင်းကို ပြောင်းရွှေ့တည်ဆောက်(ရုပ်/သံ)
  • 5 years ago
ဧရာဝတီ၊ စက်တင်ဘာ ၁၆၊ ၂၀၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြားကုန်း မူလတန်းကျောင်းနဲ့ ကပ်လျှက်ရှိတဲ့ တောင်ပေါ်က အောင်စင်္ကြာစေတီတော်အရံစေတီတွေ နိမ့်ဆင်းသွားတဲ့အတွက် တောင်ပြိုကျမှု အန္တရာယ်တွေ ဖြစ်လာရင် မထိခိုက်စေဖို့ ကလေး ၁၄၀ ကျော်ကို သြဂုတ်လ ၂၇ ရက်နေ့က သဲဖြူကုန်း အလယ်တန်းကျောင်းကို ပြောင်းရွှေ့သင်ကြားစေခဲ့ပါတယ်။

ရဲပြားကုန်းမူလတန်းကျောင်းကို ပြောင်းရွှေ့တည်ဆောက်ဖို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းဘေး မုတ္တမကျွဲခြံ အဝင်လမ်းထောင့်မှာ မြေနေရာရရှိပြီးဖြစ်လို့ ပေ ၉၀၊ ပေ ၃၀ရှိတဲ့ RC ၂ ထပ်ကျောင်းဆောင်ကို စက်တင်ဘာ ၁၅ ရက်က နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်း ၁ ထောင်ကျော်နဲ့ စတင်တည်ဆောက်နေပါတယ်။

ရိုက်ကူး - ဥာဏ်စိုးဝင်း

တည်းဖြတ် - ဇော်နောင်လင်း
Recommended