လေပြင်းတိုက်ခတ်မှု မော်လမြိုင်တွင် ကျောင်းဆောင်နှင့် နေအိမ် ၂၂၀ ကျော် ပျက်စီး (ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရပ်ကွက် ၇ ခုမှာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိ စာရင်းအရ ရွှေမြိုင်သီရိ ရပ်ကွက်နဲ့ ကျိုက်ဖနဲ ရပ်ကွက် ၂ ရက်ကွက်မှာ နေအိမ် ၂၂၀ ကျော်ထိခိုက်ခဲ့ပြီး စာသင်ကျောင်း ၇ ကျောင်းကျော် အမိုးတွေ ပျက်စီးခဲ့ပါတယ်။

အလားတူ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တွေမှာလည်း စက်တင်ဘာ ၂ ရက်နေ့ညပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားပြီး နေအိမ်အချို့ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဥာဏ်စိုးဝင်း

Recommended