Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ သြဂုတ် ၂၀၊ ၂၀၁၉

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ပယင်းတူးဖော်ရေးမှော်မှာ နေထိုင်နေတဲ့ တိုင်းရင်းသား တောင်သူလယ်သမားတွေအနေနဲ့ ၂၀၁၇ ခုနှစ်က တပ်မတော် နဲ့ KIA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖယ်ရှားရှင်းလင်းခံခဲ့ရပြီး စစ်ရှောင်စခန်းမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

ဒေသခံတောင်သူလယ်သမား ၃၀၀၀ ကျော်ဟာ တနိုင်းမြို့စစ်ဘေးရှောင် စခန်းကနေ မိမိတို့နေနရပ်ဒေသ ဖြစ်တဲ့ ပယင်းထွက်ရှိရာ ဟူးကောင်းချိုင့်ဝှမ်းဒေသကို လုံခြုံစွာနဲ့ ပြန်ချင်တယ်လို့ ပြောဆိုပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဝေနှင်းထွဋ်

Category

🗞
News
Comments

Recommended