ဒလတံတား ရန်ကုန်ဘက်ခြမ်းတည်ဆောက်မှုကြောင့် ယာဉ်လိုင်း ၆ ခုလမ်းကြောင်းလွှဲ ပြေးဆွဲမည်
**************************
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်းအတွက် ရန်ကုန်ဘက်ခြမ်းစတင်တည်ဆောက်မည့် သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ယာဉ်လိုင်း ၆ ခုလမ်းကြောင်း လွှဲကာပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး၊ ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။
လမ်းလွှဲပြေးဆွဲမည့် ယာဉ်လိုင်းများမှာ ကမ္ဘာအေးဘက်အခြမ်းပြေးဆွဲသည့် လေဆိပ်YBS, YBS 21, YBS 35, YBS 37, YBS 39 နှင့် YBS 78 တို့ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။
ရိုက်ကူး/တည်းဖြတ် - စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59455
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category
🗞
News