Skip to playerSkip to main content
  • 7 years ago
ဘုရားသခင်အလုပ်၏ ဖြစ်စဉ်တိုင်းသည် လူသားသိသင့်သော ရူပါရုံများဖြစ်သည်၊ လူအပေါ်ထားသော သင့်တင့်လျောက်ပတ်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များ ဆက်လိုက်လာသော ရူပါရုံများဖြစ်သည်။ ယင်းရူပါရုံများကို အခြေခံအဖြစ်မပါရှိဘဲ လူသည် လက်တွေ့လုပ်ဆောင်မှုကို ဧကန်စင်စစ် မတတ်နိုင်သကဲ့သို့၊ လူသည် ဘုရားသခင်ကို မဆုတ်မနစ် လိုက်လျှောက်နိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ လူသည် ဘုရားသခင်ကို မသိပါက၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နားမလည်ပါက လူသား လုပ်ဆောင်သမျှ အလုံးစုံသည် အချည်းနှီးသာဖြစ်ပြီး ဘုရားသခင်၏ အတည်ပြုမှုကို ရနိုင်မည် မဟုတ်ပေ။ လူသား၏ ဆုကျေးဇူးများသည် မည်မျှပင် များပြားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုမှ ခွဲမရနိုင်ဘဲ ရှိသေးသည်။ လူ၏ လုပ်ဆောင်မှုများသည် မည်မျှကောင်းသည်ဖြစ်စေ၊ မည်မျှ များပြားသည်ဖြစ်စေ၊ ယင်းတို့သည် ဘုရားသခင်၏ အလုပ်ကို အစားထိုးနိုင်ခြင်း မရှိသေးပေ။ သို့ဖြစ်ရာ မည်သည့် အခြေအနေအောက်တွင်မျှ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် ရူပါရုံများမှ ခွဲထွက်၍မရနိုင်ပေ။ ရူပါရုံအသစ်များကို လက်မခံသူသည် လက်တွေ့ လုပ်ဆောင်မှုအသစ်များ ရှိမည်မဟုတ်ပေ။ ထိုသူတို့၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ဆက်နွယ်မှု မရှိ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် အယူဝါဒများကို လိုက်နာပြီး အသက်မရှင်သော ပညတ်တော်များကိုသာ ထိန်းသိမ်းထား၍ ဖြစ်သည်။ သူတို့တွင် ရူပါရုံသစ်များ လုံးဝမရှိ၊ ရလဒ်အဖြစ် သူတို့သည် ခေတ်သစ်တွင် မည်သည့်အရာကိုမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ သူတို့သည် ရူပါရုံများ ပျောက်ဆုံးနေခဲ့ပြီး၊ ထိုသို့ဖြစ်သည့်အတွက် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုလည်း ဆုံးရှုံးကာ၊ သမ္မာတရားကိုလည်း ဆုံးရှုံးရသည်။

များပြားသောအကြံပြုချက်များ

ခရစ်ယာန် တရားဒေသနာ
https://my.kingdomsalvation.org/tag/christian-sermons

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။
www.stockfootage.com
Comments

Recommended