Skip to playerSkip to main content
  • 6 years ago
အလွန်စိတ်လှုပ်ရှားစရာကောင်းသော နိုင်ငံတော် သီချင်းသည် လူတို့ကြား ဘုရားသခင် ကြွရောက်ခြင်းကို စကြဝဠာတစ်ခွင်လုံးဆီ ကြေငြာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တည်လေပြီ။လူအားလုံး ရွှင်မြူးကြသည်။ အရာခပ်သိမ်း ဝမ်းမြောက်ကြသည်။ကောင်းကင်တစ်ခုလုံးက အရာရာတိုင်းသည် ပျော်ရွှင်မြူးထူးသံဖြင့် ပြည့်နှက်လေသည်။ အဘယ်မျှ ညို့ယူဖမ်းစားသော ဝင့်ကြွားခြင်း မြင်ကွင်းများ ဖြစ်လိုက်ပါသနည်း။

နာကျင်မှုတွင် အသက်ရှင်ပြီး စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့သူ လူကြားတွင်၊ အဘယ်သူသည် ဘုရားသခင်၏ ကြွရောက်ခြင်းကို မတောင့်တ၊ မတမ်းတဘဲ ရှိသနည်း။ ခေတ်ကာလတစ်လျှောက် ဘုရားသခင်၏ ယုံကြည်သူများနှင့် နောက်လိုက် မည်မျှသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင်၊ ဆင်းရဲဒုက္ခ၊ အခက်အခဲ၊ နှိပ်စက်ညှင်းပန်းမှုနှင့် ဖယ်ကြဉ်ခြင်းကို ခံခဲ့ရပါသနည်း။ ကောင်းကင်နိုင်ငံတော် မကြာခင် ကြွလာတော့မည်ကို မည်သူ မမျှော်လင့်ဘဲနေသနည်း။ လူသားမျိုးနွယ်၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို မြည်းစမ်းရင်းဖြင့်၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းက လူကြားတွင် တန်ခိုးအာဏာကိုင်စွဲသည်ကို လူသားမျိုးနွယ်ထဲက မည်သူက ဆန္ဒမရှိဖြစ်ပါသနည်း။

နိုင်ငံတော် ကြွရောက်လာသည့်အခါ၊ တိုင်းနိုင်ငံများနှင့် လူများအားလုံးက အလွန်အမင်း စောင့်ဆိုင်းကြသည့် နေ့ရက် နောက်ဆုံးတွင် ရောက်လာမည်။ ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့ကြားတွင် မည်သည့် မြင်ကွင်းများ ဖြစ်လိမ့်မည်နည်း။ နိုင်ငံတော်ထဲက အသက်တာသည် မည်မျှ လှပလိမ့်မည်နည်း။ “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” နှင့်အတူ နှစ်ထောင်ပေါင်းများစွာ ဆုတောင်းချက်များ အမှန်ဖြစ်လာမည်။

များပြားသောအကြံပြုချက်များ

Myanmar Hymn Book | သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ
https://my.kingdomsalvation.org/hymns-of-God-s-words.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Category

🎵
Music
Be the first to comment
Add your comment

Recommended