Brighten Christian Movie (မြို့တော် ကျဆုံးလိမ့်မည်) ရုပ်ရွင္ဇာတ္လမ်းတို (၄) သမ္မာကျမ်းစာကို ရှင်းလင်းခြင်းသည် ဘုရားသခင်အတွက် ဂုဏ်တင်ချီးမြှောက်ပြီး သက်သေခံခြင်းနှင့် တူညီပါသလား။

  • 4 years ago
ဘာသာရေးလောကတစ်ခုလုံးရှိ လူအများစုသည် သမ္မာကျမ်းစာကို အကောင်းဆုံး အဓိပ္ပါယ်ကောက်နိုင်စွမ်းရှိသူတို့သည် ဘုရားသခင်ကိုသိမြင်သူများ ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာကျမ်းစာ၏ အံ့ဖွယ်ရာများကို အဓိပ္ပါယ်ကောက်ပြီး ပရောဖက်ပြုချက်များကို ရှင်းလင်းပြနိုင်လျှင်၊ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသူများဖြစ်ပြီး ဘုရားသခင်ကို ဂုဏ်တင်ချီးမြှောက်သည့်အပြင် သက်သေခံကြသူများဖြစ်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် လူအများသည် ထိုသို့သောလူမျိုးတို့ကို မျက်ကန်းတစ္ဆေယုံကြည်ပြီး ကိုးကွယ်ကြသည်။ ဒါကြောင့် သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ရဲ့ သမ္မာကျမ်းစာရှင်းလင်းချက်များသည် ဘုရားသခင်ကို ဂုဏ်တင်ချီးမြှောက်ပြီး သက်သခံချက်များပဲလား။ အနန္တတန်ခိုးရှင် ပြောသည် "ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်သေးပဲ၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် တန်ဖိုးမဲ့၍ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီ ရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏ နာမကို ကိုင်ဆောင်ပြတတ်သော်လည်း စိတ်ဆန္ဒမှာမူ ဘုရားသခင်ကို ဆန့်ကျင်တတ်ကြ၏" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏)။

အကြံပြုစာမျာ:

https://my.kingdomsalvation.org/videos/to-the-brink-and-back-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended