ဗစ်တိုးရီးယားအမှု အရေးကြီး၍ ခုံရုံးဖွဲ့ပြီး တရားသူကြီးနှစ်ဦးဖြင့် စစ်ဆေးမည်

  • 5 years ago
ဗစ်တိုးရီးယားအမှု အရေးကြီး၍ ခုံရုံးဖွဲ့ပြီး တရားသူကြီးနှစ်ဦးဖြင့် စစ်ဆေးမည်
***********************
‘ဗစ်တိုးရီးယားအမှု’ ဟု လူသိများသော နေပြည်တော်ရှိ အသက်သုံးနှစ်ခန့်အရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံသည့် အမှုသည် လူအများ စိတ်ဝင်စားပြီး အရေးကြီးသောကြောင့် ခုံရုံးဖွဲ့ကာ တရားသူကြီးနှစ်ဦးဖြင့် စစ်ဆေးသွားရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တာဝန်ပေးအပ်လိုက်သည်။

ခုံရုံးဥက္ကဌအဖြစ် ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်နှင့် ခုံရုံးအဖွဲ့ဝင်အဖြစ် ဒက္ခိဏခရိုင် ဒုတိယတရားသူကြီး ဦးညိုဌေးတို့ နှစ်ဦးက ထိုအမှုကို တာဝန်ယူ စစ်ဆေးရမည် ဖြစ်သည်။
ရိုက်ကူး - မင်းမင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58823
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended