မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းသွားမယ်

  • 5 years ago
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းသွားမယ်
***********************
မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေအပါအဝင် တရားမဝင် ငါးဖမ်းတာတွေကို ထိထိရောက်ရောက် ကာကွယ်တားဆီးဖို့အတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားလိုက်ပါတယ်။

တပ်မတော်(ရေ)အနေနဲ့ တချို့ကိစ္စတွေမှာ လုပ်ရ၊ ကိုင်ရ ခက်တာကြောင့် အကောက်အခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးလို ဌာနတွေပါဝင်တဲ့ ကမ်းခြေစောင့်တပ်ကို ဖွဲ့စည်းလိုကြောင်းနဲ့ အသေးစိတ်ကိုတော့ သမ္မတရုံးကို ဆက်လက်တင်ပြသွားမှာဖြစ်တဲ့အကြောင်း ဝန်ကြီးက ဇန်နဝါရီလ ၂၆ရက်နေ့မှာ မီဒီယာတွေကို ပြောပါတယ်။

ရိုက်ကူး ၊ တည်းဖြတ် - မင်းမင်း (နေပြည်တော်)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended