တက္ကသိုလ်နယ်မြေအတွင်း လုံခြုံရေးတင်းကြပ်ပေးဖို့ ထိရောက်တဲ့နည်းလမ်းကို ကျောင်းတာဝန်ရှိသူတွေက မပေးနိုင်ခဲ့ဟုဆို

  • 5 years ago
တက္ကသိုလ်နယ်မြေအတွင်း လုံခြုံရေးတင်းကြပ်ပေးဖို့ ထိရောက်တဲ့နည်းလမ်းကို ကျောင်းတာဝန်ရှိသူတွေက မပေးနိုင်ခဲ့ဟုဆို
****************************
“တောင်းဆိုထားတဲ့အချက်က နံပတ်တစ်အချက်က Sexual Harassment ကိစ္စကြတော့ သူတို့က ရဲကင်းတွေ၊ ဘာတွေ လှည့်ပေးမယ်ပေါ့။ ကျွန်တော်က ရှင်းပြတယ်။ အဆင်မပြေဘူး။ ဒါက ကြိုတင်ကာကွယ်ရမယ့် ကိစ္စ ဖြစ်တယ်။ ကားအဝင်၊ အထွက် စီစစ်လိုက်ရင်ကို တစ်ဝက်ကျော်ကျော်လောက် လျော့သွားနိုင်တယ်။ တစ်ခြား ကိစ္စက ၂ ခု၊ ၃ ခုလောက်ပဲ ရှိတယ်။ ဒီလိုလုပ်လိုက်ရင် လျော့သွားပြီ။ အဲဒီကြမှ ရဲကင်း လှည့်ရမှာ။ တကယ်တော့ တက္ကသိုလ်နယ်မြေနဲ့မဆိုင်တဲ့ကားတွေ ဝင်လာတာ အဓိကပြသနာပေါ့။ အဲ့ဒါလုပ်ပေးဖို့ မပြတ်သေးဘူး။ သူတို့ဘက်က သူတို့ဘက်က ဆွေးနွေးနိုင်တဲ့သူ မရှိတာပါ။ နောက်တစ်ချိန် ထပ်ဆွေးနွေးရမှာပေါ့ ” ~~ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58833

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended