Skip to playerSkip to main content
  • 6 years ago
တရုတ်ပြည်မကြီးတွင် ၁၉၄၉ ခုနှစ်ကတည်းက အာဏာရရှိလာခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုကို ဖိစီးနှိပ်စက်ခြင်းက သနားညှာတာမှု ကင်းမဲ့နေခဲ့သည်။ ၎င်းသည် ခရစ်ယာန်များကို ရမ်းကားကြမ်းတမ်းစွာ ဖမ်းဆီးနေခဲ့ပြီး သတ်ဖြတ်နေခဲ့သည်၊ တရုတ်ပြည်တွင် အလုပ်လုပ်နေသည့် သာသနာပြုများကို နှင်ထုတ်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သည်၊ မရေတွက်နိုင်သည့် သမ္မာကျမ်းစာအုပ် မိတ္တူများကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းယူခဲ့ပြီး ဖျက်စီးခဲ့သည်၊ အသင်းတော် အဆောက်အဦးများကို ချိတ်ပိတ်ခဲ့ပြီး ဖြိုချဖျက်စီးခဲ့သည့်အပြင်၊ အချည်းနှီးဖြစ်သည့် အိမ်အသင်းတော်များအားလုံးကို သုတ်သင်ရှင်းလင်းရန် ကြံစည်အားထုတ်ခဲ့သည်။ ဤဗီဒီယိုမှတ်တမ်းသည် ဘုရားသခင်အပေါ်ယုံကြည်ခြင်းနှင့် အမှုတော်ထမ်းရွက်ခြင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းကိုခံရပြီး ကြမ်းတမ်းစွာနှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် တရုတ်ခရစ်ယာန်တစ်ယောက်ဖြစ်သည့် ကျောင်ဟိုင်ကျင်း၏ ဖြစ်ရပ်မှန်အတွေ့အကြုံကို ဖော်ပြထားသည်။ ကျောင်ဟိုင်ကျင်းသေဆုံးပြီးနောက် သူ့မိသားစုသည်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ စောင့်ကြပ်ကြည့်ရှုခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ကြောက်လန့်ရခြင်းတို့ကို ခံယူရသည်။ သူတို့သည် သေဆုံးခဲ့ရသူအတွက် တရားမျှတမှုကို မရရှိရုံသာမကဘဲ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်ခြင်းကြောင့် ကစဉ့်ကလျားဖြစ်ခဲ့ရသည်။

အကြံပြုဧဝံဂေလိတရားရုပ်ရှင်

Myanmar new movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)
https://my.kingdomsalvation.org/videos/to-the-brink-and-back-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။
Be the first to comment
Add your comment

Recommended