Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ ၊ ဇူလိုင် ၁၁ ၊ ၂၀၁၉

အဇာဘိုင်ဂျန် နိုင်ငံ ဘာကူးမြို့တွင် ပြုလုပ်သည့် ၄၃ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေးမှနေ၍ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဇုန်အား ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် (World Heritage List ) အဖြစ် အသိအမှတ်ပြုခဲ့သည်။

ထိုအစည်းအဝေးတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့် အဇာဘိုင်ဂျန်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးက ပုဂံဒေသ၏ ခရီးသွား လုပ်ငန်းနှင့် ပတ်သက်၍ Standard Tourism ဖြစ်စေရန် တိုက်တွန်း ပြောဆိုခဲ့သည်။

ယခုအခါ ပုဂံဒေသတွင် တိုးတက်လာမည့် ခရီးသွားလုပ်ငန်း အခြေအနေ၊ ဟိုတယ်များနှင့် ပတ်သက်၍ ဝေဖန်ပြောဆို နေမှုများ၊ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းမှု အခြေအနေများကို ၄၃ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေးတွင် ကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့သူ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးနှင့် ဧရာဝတီက တွေ့ဆုံမေးမြန်းထားသည်။

ရိုက်ကူး - အောင်ခိုင်မျိုး၊ ကျော်သူရ

တည်ဖြတ် - အောင်ခိုင်မျိုး

Category

🗞
News
Comments

Recommended