Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ ဇူလိုင် ၁၀၊ ၂၀၁၉

လိင်အကြမ်းဖက်ခံရတဲ့ ၃နှစ်အရွယ် မူကြိုကလေးငယ် ဗစ်တိုးရီးယားအမှုကိစ္စအကြောင်း လူမှုကွန်ယက်မှာ သက္ကမိုးညိုအမည်နဲ့ ရေးသားနေသူကို ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ရေးသားခဲ့တယ်ဆိုပြီး ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ပါတယ်။

သက္ကမိုးညို အကောင့်ပိုင်ရှင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄ (ဃ )ဖြင့် အမှုဖွင့်ခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ ကျပ်သိန်းတရာနဲ့ အာမခံပေးထားတယ်လို့ ပျဉ်းမနားမြို့မ ရဲစခန်းက စခန်းမှူးက မီဒီယာများကို ပြောပါတယ်။

အမှုဖွင့်ခံရသူ သက္ကမိုးညိုအကောင့်ပိုင်ရှင်ကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်း ကတော့ ဒီလိုအမှုဖွင့်ခံရပေမယ့် သူရေးခဲ့တာတွေက သက်သေအထောက်အထား ပြနိုင်တဲ့အတွက် လုပ်စရာရှိတာ ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ မီဒီယာတွေကို ပြောပါတယ်။

ရိုက်ကူး - ကျော်မျိုး
တည်းဖြတ် - ဝေယံမိုးမြင့်

Category

🗞
News
Comments

Recommended