ရှားခဲအင်းအတွက် ကျုံပျော်မြို့နယ်မှ ရေလုပ်သားများ ဆန္ဒထုတ်ဖော်

  • 5 years ago
ရှားခဲအင်းအတွက် ကျုံပျော်မြို့နယ်မှ ရေလုပ်သားများ ဆန္ဒထုတ်ဖော်
**********************
ကျုံပျော်မြို့နယ်ရှိ ကျေးရွာ၅အုပ်စုမှ ရေလုပ်သားများသည် ရှားခဲအင်းရရှိရေးအတွက် ပုသိမ်မြို့တွင် ဇူလိုင်လ ၉ ရက်နေ့က ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ က အင်းတောင်းဆိုမယ်။ အင်းသားကြီးတွေကိုအလိုမရှိကြောင်းနဲ့ တိုင်းငါးဦးစီး၊ ခရိုင်ငါးဦးစီး၊ ကျုံပျော်မြို့ နယ်ငါးဦးစီး သူတို့ က မရှင်းပေးတဲ့အတွက် ကျွန်တော်တို့ က အကြိမ်ကြိမ် အခါခါစာတွေတင်တယ်။ လူကိုယ်တိုင်လာတွေ့ တယ်။ တောင်းဆိုထားတဲ့အတွက်ကို သူတို့  မရှင်း ပေးတဲ့အတွက် သူတို့ ကိုလည်း ကျွန်တော်တို့က အလိုမရှိဘူးဆိုပြီး ဆန္ဒနဲ့ ပြမှာဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူဦးစန်းညွန်ကပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် "ရှားခဲအင်းကြီးရရှိရေး၊ ရှားခဲဒေသတည်ငြိမ်ရေး၊ တိုင်းငါးလုပ်ငန်းဦးစီး၊ ပုသိမ် ခရိုင် ငါးလုပ်ငန်းဦးစီး၊ ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီး အလိုမရှိ ”စသည့် ကြွေးကြော်သံများ ဖြင့် ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ရုံးအရှေ့သို့ ချီတက်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ရှားခဲအင်းကြီးဝန်ကျင်ရှိ ကျေးရွာများမှဒေသခံများက စုပေါင်းဆန္ဒ ထုတ်ဖော် ခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး - စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended