အိန္ဒိယ လူမှုဖူလုံရေးစနစ် ပြုပြင်ပြောင်းလဲမှု

  • 5 years ago
အိန္ဒိယ လူမှုဖူလုံရေးစနစ် ပြုပြင်ပြောင်းလဲမှု
******************
အိန္ဒိယနိုင်ငံမှာ ဒေါ်လာ ဘီလျံပေါင်းများစွာ အကုန်အကျခံပြီး ထောက်ပံ့ပေးနေတဲ့ လူမှုဖူလုံရေး အထောက်ပံ့တွေဟာ အကျင့်ပျက်ချစားမှုတွေ၊ လိမ်လည်မှုတွေ နဲ့ မထိရောက်မှုတွေကြောင့် ဆင်းရဲသားတွေ မရရှိကြပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နေပြီး အထောက်အပံ့တွေကို ဆင်းရဲသားတွေဆီ တိုက်ရိုက်ပေးမယ့် လက်ဗွေ စနစ်ကို စတင်လိုက်ပါတယ်။ လူပေါင်း ၁ ဘီလျံ ကျော် ရဲ့ အချက်အလက်တွေကို လူမှုဖူလုံရေး အစီအစဉ်တွေ နဲ့ ချိတ်ဆက်ပေးမှာပါ။ မြောက်ပိုင်း ဟိမဝန္တာနားက ရွာလေး တရွာ ဒီအစီအစဉ်တွေကနေ ဘယ်လို အကျိုးရှိနေသလဲ ဆိုတာကို Anjana Pasricha သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။

Recommended