Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ ၊ ဇွန် ၂၁ ၊ ၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအတွင်း ဖမ်ဆီးထားသော ရွာသား ၂၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၊ ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေ တို့ဖြင့် ဇွန်လ ၂၀ ရက်နေ့က ဒုတိယအကြိမ် စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ် ခဲ့သည်။

အဆိုပါ ဖမ်းဆီးခံ ရွာသားများကို မေလ ၃၁ရက်နေ့က မြောက်ဦးခရိုင်တရားရုံးတွင် ပထမ အကြိမ် ရုံးထုတ်ခဲ့သော်လည်း လုံခြုံရေး အခြေအနေ အကြောင်းပြ၍ စစ်တွေခရိုင်တရားရုံးသို့ ပြောင်းလဲ ရုံးထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဖမ်းဆီးခံနေရသော ရွာသားအချို့သည် ရဲအချုပ်ခန်းတွင် တုတ်ကွေးရောဂါ ဖြစ်ပွားနေပြီး ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ကြီးလေးသော ပုဒ်မများဖြင့် ဖမ်းဆီးခံနေရသော မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၇ ဦးကို AA တပ်ဖွဲ့ဝင်များဟုဆိုကာ တပ်မတော်က ဧပြီလ ၁၀ ရက်နေ့တွင် ကျေးရွာ အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ တပ်မတော် စစ်ကြောရေးကာလအတွင်း ရွာသား ၃ဦး သေဆုံးသွားခဲ့ပြီး ကျန်ရွာသား ၂၄ ဦးကို ရဲတပ်ဖွဲ့သို့ လွဲပြောင်းကာ အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်သည်။

ရိုက်ကူး- မင်းအောင်ခိုင်

Category

🗞
News
Comments

Recommended