Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ ၊ ဇွန် ၁၉ ၊ ၂၀၁၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် ၇၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြသည့် ပုသိမ်မြို့ခံများ၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူ ဘာသာဝင်များ စုပေါင်း၍ ပုသိမ်မြို့ပေါ်တွင် သီတင်းသုံးကြသည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် ဆရာကြီးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းကလည်း ပုသိမ်မြို့၊ ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ညနေပိုင်းတွင် ပုသိမ်မြို့နယ်၊ NLD ပါတီရုံး တည်ရှိရာ တရုတ်ကျောင်းလမ်းတွင် စတုဒီသာထမင်းများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ရိုက်ကူး - ဆလိုင်းသန့်စင်

Category

🗞
News
Comments

Recommended