Skip to playerSkip to main content
  • 7 years ago
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟာ ရွေးကောက်ပွဲအသုံးစရိတ်ကို ဘာသာရေးအလှူအတန်းမှာ သုံးစွဲတာ၊ ငွေစာရင်းမမှန်မကန်ပြုလုပ်တာ၊ မဲဆန္ဒနယ်အတွင်း ခွင့်ပြုချက်မရှိဘဲ ငွေချေးလုပ်ငန်း လုပ်ကိုင်တာ၊ နိုင်ငံပိုင်မြေမှာ ပါတီရုံးဖွင့်တာ စတဲ့အချက်လေးချက်နဲ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက အယူခံတက်သွားမယ်လို့ ပြောထားပေမယ့် အခုအချိန်ထိ အယူခံတင်သွင်းထားတာ မရှိဘူးလို့ သိရပါတယ်။

Category

🗞
News
Comments

Recommended