Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ မေ ၂၉၊ ၂၀၁၉

သမ္မတရဲ့ လုပ်ပိုင်ခွင့် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရွေးကောက်ပွဲစတာတွေနဲ့ ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၈၊ ၂၆၄၊ ၃၂၂၊ ၄၀၂ တို့ကို ပြင်ဆင်ဖို့ ဥပဒေကြမ်းကို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတို့က ပြည်ထောင်စုလွှတ်တော်ကို ထပ်မံတင်သွင်းလိုက် ပါတယ်။

ကြံ့ခိုင်ရေးပါတီက ပထမအကြိမ်အဖြစ် ပုဒ်မ၂၆၁ ပြင်ဆင်ဖို့ တင်သွင်းခဲ့ရာ လွှတ်တော်မှာ ဆွေးနွေးခွင့်မရဘဲ NLD ပါတီက အဆိုတင် ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာသာ ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ရိုက်ကူး - ကျော်မျိုး

တည်းဖြတ် - ဝေယံမိုးမြင့်

Category

🗞
News
Comments

Recommended