၂၀၁၈ခုနှစ်အတွင်း လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာ သုံးထောင်ကျော်အထိ ရှိခဲ့

  • 5 years ago
၂၀၁၈ခုနှစ်အတွင်း လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာ သုံးထောင်ကျော်အထိ ရှိခဲ့
***********************
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားစာ ၃၀၀၀ ကျော် တိုင်ကြားခဲ့တယ်လို့ ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က မဇ္ဈိမကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အသိပညာပြန့်ပွားရေးနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအပိုင်းကို အစိုးရဌာနတွေက ပူးပေါင်းပါဝင်မှ တိုးတက်ကောင်းမွန်နိုင်မယ်လို့လဲ ဆိုပါတယ်။

ဧပြီလ ၉ ရက်ကဖြစ်ပွားခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုမှာ အကျဉ်းသား ၄ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့သဘောထားကို မေးမြန်တဲ့အခါမှာတော့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊မဇ္ဈိမ
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended