Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ ဧပြီ ၃၊ ၂၀၁၉

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်ထားစဉ် မတ် ၂ ရက်နေ့ မနက် ၂နာရီအချိန်မှာ တပ်မတော်က ပစ်ခတ်ခဲ့တဲ့အတွက် ရွာသား ၆ ဦး သေဆုံးသွားခဲ့ပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က မြန်မာ့တပ်မတော်က ကျောက်တန်း ကျေးရွာကို ဝင်ရောက်ပြီး ရွာသား ၂၇၅ ဦးကို AA အဖွဲ့နဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး ကျေးရွာ စာသင်ကျောင်းထဲမှာ ဖမ်းဆီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံ ရွာသားများကို ပြန်လွတ်မပေးဘဲ ထိန်းသိမ်း စစ်ဆေးနေစဉ်အတွင်း မေလ ၂ ရက်နေ့ မနက် ၂ နာရီ လောက်မှာ ဖမ်းဆီးခံ စိတ်မနှံ့သူတဦးက ထအော်ရာမှနေ ရွာသားတွေ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ပစ်ခတ်ခံခဲ့ရသူက ပြောပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်
တည်းဖြတ် - ဝေယံမိုးမြင့်

Category

🗞
News
Comments

Recommended