Skip to playerSkip to main content
  • 7 years ago

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့်ဖြစ်စဉ်များ လျော့နည်းပြီး မီးမှန်မှန်ရရန်အတွက် ဝန်ကြီးဌာနက နှစ်စဉ်တောင်းခံသည့် ဘတ်ဂျက်ပမာဏအားလုံးကို ခွင့်ပြုပေးရန် လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

ကျောက်တံတားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက် မေးမြန်းသည့် နွေရာသီကာလတွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ခန့်မှန်းထားမှုနှင့် ဓာတ်အားပြတ်တောက်မှုမရှိအောင် မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းခဲ့ခြင်းအပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ကဏ္ဍသည် အခုရေတွင်းတူး အခုရေကြည်သောက်၍ ရသည့်ကိစ္စမဟုတ်ဘဲ ကာလရှည် စီမံကိန်းများဖြင့် ဆောင်ရွက်ရသည့် ကိစ္စဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေတို ရေရှည်စီမံကိန်းများဖြင့် ကြိုးပမ်းနေကြောင်းလည်း ဒုဝန်ကြီးက ဆိုသည်။

Category

🗞
News
Comments

Recommended